COVID-19 ကာကွယ်ထိန်းချုပ် ကုသရာမှ သိရှိလာသော အတွေ့အကြုံနှင့် သုတေသန တွေ့ရှိချက်များကို (၄၉) ကြိမ်မြောက် ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် အထူးအစီအစဉ်ဖြင့် ထည့်သွင်းကျင်းပ
COVID-19 ကာကွယ်ထိန်းချုပ် ကုသရာကနေ သိရှိလာတဲ့ အတွေ့အကြုံနဲ့ သုတေသန လေ့လာတွေ့ရှိချက်တွေကို ဇန်နဝါ ရီ ၁၈ ရက်ကနေ ၂၁ ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်မယ့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှာ အထူးအစီအစဉ်နဲ့ ထည့်သွင်းကျင်းပနေတယ်လို့ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ပြောပါတယ်။