တာချီလိတ်မြို့၌ ထိုင်းနယ်စပ်မှ စိတ်ကြွဆေးပြား ငါးသိန်းသယ်လာသူနှစ်ဦး ထွက်ပြေးရန်ကြိုးစားစဉ် လုံးထွေးဖမ်းဆီးရမိ
ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်ခရိုင် တာချီလိတ်မြို့မှာဇန်နဝါရီလ ၁၆ ရက် ညပိုင်းက ထိုင်းနယ်စပ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းကိုသယ်ဆောင်လာတဲ့အမျိုးသား နှစ် ဦးအားစစ်ဆေးနေချိန် ထွက်ပြေးတဲ့အတွက်လုံးထွေးဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။