မြဝတီမြို့ ဟေမာန်ဦး ပရိယတ္တိ စာသင်တိုက်မှ သံဃာ ၁၁ ပါးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ကျောင်းအား လော့ဒေါင်းပြုလုပ်ထား
ကရင် ပြည်နယ် မြဝတီ မြို့အမှတ်၄ ရပ်ကွက်၊သီရိမဂ်လာဟေမာန်ဦး ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ (၁၁)ပါး မှာ Covid 19 ရောဂါပိုးတွေ့ရှိသဖြင့် ကျောင်းဝင်းတစ်ခုလုံးကို ဇန်နဝါရီလ ၁၄ ရက်နေ့ကအသွားအလာကန့်သတ်ကာ လော့ဒေါင်းပြုလုပ်ထားရတယ်လို့ သိရပါတယ်။