ရန်ကုန်တိုင်းအတွင်းမှ ဘုရားစေတီများကို COVID-19 စည်းကမ်းချက်နှင့်အညီ ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထား
ရန်ကုန်တိုင်းအတွင်း ဘုရားစေတီတွေမှာ COVID-19 စည်းကမ်းချက်နဲ့အညီ ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြားထားပြီး ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုတော့ မသိရသေးဘူးလို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်တိုင်းဒေသကြီး) ထံကနေ ဇန်နဝါရီ ၁၅ ရက်က သိရပါတယ်။