NLD ပါတီနှင့် ပြည်ထောင်စုအရေးကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်သွားမည်ဟု SNLD ပါတီပြော (ရုပ်သံ)

NLD ပါတီနှင့် ပြည်ထောင်စုအရေးကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်သွားမည်ဟု SNLD ပါတီပြော (ရုပ်သံ)
Published 15 January 2021

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် NLD ပါတီနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများတေ့ွဆုံမှုတတိယရက်မှာရှမ်းပြည်နယ်အခြေစိုက်၊ ရွေးကောက်ပွဲအနိုင်ရတိုင်းရင်းသားနိုင်ငံရေးပါတီလေးပါတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးအဲဒီတွေ့ဆုံပွဲမှာပါဝင်တွေ့ဆုံခဲ့တဲ့ တိုင်ရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တာဝန်ရှိသူက NLD ပါတီနဲ့ ပြည်ထောင်စုအရေးကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။