တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်သဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသူ မြန်မာနိုင်ငံသား ၁၄၃ ဦး အား ပြန်လည်လွှဲပြောင်း
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော် အမှတ် (၁) ဂိတ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က တရုတ်နိုင်ငံ ကွမ်းတုံး ပြည်နယ် ဟွေ့ကျိုးမြို့၌ တရားမဝင် သွားရောက်လုပ်ကိုင်သူများအား ဖမ်းဆီးအရေးယူ ထိန်းသိမ်းခံခဲ့ရသူ မြန်မာနိုင်ငံသား ၁၄၃ ဦး ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။