မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ရန်အတွက် တင်သွင်းရမည့် အဆိုပြုလွှာမူချောကို လုံခြုံရေး အခြေအနေကြောင့် မတင်သွင်းနိုင်သေး (ရုပ်သံ)
မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ဖို့အတွက် ယူနက်စကို UNESCO သို့တင်သွင်းရမယ့် အဆိုပြုလွှာမူချော ကို လုံခြုံရေးအခြေအနေတွေကြောင့် မတင်သွင်းနိုင်သေးတဲ့အတွက် အချိန်တစ်နှစ်ထပ်ပေးဖို့ UNESCO သို့ မေတ္တာရပ်ခံထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။