ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုအားရခိုင် ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု
မြောက်ဦးမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည ်နယ ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ပါတယ်