အိန္ဒိယမှ COVID – 19 ကာကွယ်ဆေးနှစ်မျိုး အရေးပေါ်အသုံးပြုခွင့်ရထားပြီး အခြားတိုင်းပြည်များသို့ပေးပို့ရန် လမ်းကြောင်းပေါ် အသင့်ဖြစ်နေပြီဟုဆို
လက်ရှိမှာ အိန္ဒိယနိုင်ငံကနေ COVID – 19 ကာကွယ်ဆေးနှစ်မျိုး အရေးပေါ်အသုံးပြုခွင့်ရထားပြီး အခြားတိုင်းပြည်တွေ ကိုပေးပို့ဖို့ လမ်းကြောင်းပေါ်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက် ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။