အိန္ဒိယမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးကို ဖေဖော်ဝါရီလအတွင်း ရရှိရန်မျှော်မှန်းထားပြီး ရရှိပါက ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးသွားမည်ဟု သမ္မတရုံးပြောကြား
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားတဲ့ COVID-19 ကာကွယ်ဆေးတွေဟာ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလအတွင်း ရရှိဖို့ မျှော်မှန်းထားပြီး ရရှိရင် ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံပေးသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။