ပုသိမ်ကြီးမြို့နယ်တွင် တပ်မတော်မှ သိမ်းဆည်းထားသည့် လယ်ယာမြေဧက ၂၂၀ ကျော်ပြန်လည်ရရှိရန် ဒေသခံတောင်သူများ တောင်းဆို
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာ တပ်မတော်ကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၂၂၀ ကျော် ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူများက ဇန်နဝါရီလ ၇ ရက်နေ့က သိမ်းဆည်းခံယာမြေတွေအနီးမှာ တောင်းဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။