ဖမ်းဆီးခံ ရေနံတင်သင်္ဘောနှင့် သင်္ဘောသားများ လွတ်မြောက်ရေး ဆွေးနွေးရန် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ အီရန်သို့ ထွက်ခွာ
ပါရှန်ပင်လယ်ကွေ့မှာ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းကိုခံထားရတဲ့ ရေနံတင်သင်္ဘောနဲ့ သင်္ဘောသား ၂၀ ဦး ပြန်လွတ်မြောက်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဇန်နဝါရီ ၆ ရက်က အီရန်ကို ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။