“အဆင်မပြေခင်တုန်းက ကိုယ့်ကိုချိုးနှိမ်ခဲ့တဲ့ သူတွေရှိခဲ့တာပဲ။ အခုချိန်မှာ ပြန်တွေ့တဲ့အခါကျ တော့လည်း အေးအေးဆေးဆေးဖြစ်သွားတာပဲ” ဆိုတဲ့ သရုပ်ဆောင် စမိုင်းလ်
ပရိသတ်တွေချစ်တဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ သူမရဲ့ဘဝမှာအဆင်မပြေမှုတွေ၊ ချိုးနှိမ်မှုတွေ ရှိခဲ့ပေမယ့်လည်း ဘယ်သူ့ကိုမှ အာဃာတတွေ၊အမုန်းတွေ မထားပါဖူးလို့ ဆိုပါတယ်။လက်ရှိမှာဆိုရင်ဖြင့် Smile Online Cinema နဲ့ Smile Mart အနေနဲ့ စီးပွားရေးချဲ့ထွင်လုပ်ကိုင်နေတာဖြစ်ပြီး သူမအနေနဲ့ ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေကို အခုလိုပဲ ပြောပြလာပါတယ်။