မူဆယ်မြို့ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနေထိုင်သည့် အဆောက်အဦနှင့်နေအိမ်တို့ကို လက်နက်ကိုင်လူတစ်စုက လာရောက် ပစ်ခတ်ခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မြန်မာ - တရုတ်နယ်စပ်မျဉ်းအနီးက တာမိုးညဲပြည်သူ့စစ်နဲ့ ပိန်းဆာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ နေထိုင်လုပ်ကိုင်တဲ့ ခြံဝန်းနဲ့ ပန်လုံရပ်မှာရှိတဲ့ မြို့မပြည်သူ့စစ်အဖွဲ့ဝင်နေထိုင်တဲ့နေအိမ်တို့ကိုဒီဇင်ဘာလ ၆ ရက် နံနက် ၅ နာရီအချိန်ခန့်က အမည်မသိလက်နက်ကိုင်ဆောင်ထားသူတွေကလာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။