သထုံမြို့နယ်ရှိ SUNDAY KTV ဖြစ်စဉ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ ဖြင့် အမှုဖွင့်ခံရသူ (၁၉) ဦးအနက် (၁၈) ဦးကို ပုဒ်မ-၃၀ (က) သို့ပြောင်းလဲ အာမခံပေး
သထုံမြို့နယ်၊မြေနီကုန်းကျေးရွာရှိ SUNDAY KTV ဖြစ်စဉ်နဲ့ ပတ်သက်ပြီး COVID-19 ကာလ ညွန်ကြားချက်တွေကို ဖောက်ဖျက်ပြီး KTV ဆိုင်ဖွင့်လှစ်ထားတယ်လို့ဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅နဲ့ အမှုဖွင့်ခံထားရသူ (၁၉) ဦးအနက်မှ (၁၈) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၃၀ (က) သို့ ပြောင်းလဲခဲ့တဲ့အတွက် အာမခံရရှိခဲ့ကြောင်း သိရပါတယ်။