တိုကျိုတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်ထောင်ကျော် တိုးလာပြီးနောက် အရေးပေါ်အခြေအနေ ကြေညာရနိုင်ဟု အာဏာပိုင်များ သတိပေး

တိုကျိုတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်ထောင်ကျော် တိုးလာပြီးနောက် အရေးပေါ်အခြေအနေ ကြေညာရနိုင်ဟု အာဏာပိုင်များ သတိပေး
Published 2 January 2021

 

ဒီဇင်ဘာ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ မြို့တော်တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်ထောင်ကျော် ထပ်မံတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပြီး ဒေသန္တရနဲ့ ဗဟိုအစိုးရ တာဝန်ရှိသူတွေကလည်း ကူးစက်နှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ အရေးပေါ်အခြေအနေ ကြေညာရနိုင်တယ်လို့ သတိပေးထားပါတယ်။