ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများအတွက် နှစ်ဖက်လူမျိုးစု နှစ်စုလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် လူမှုရေးအဖွဲ့များ တိုက်တွန်း
ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တပ်အင်အား ဖြည့်တင်းနေတယ်လို့သိရပြီး လူမျိုးရေး နှစ်စုလုံးတည်ရှိနေမှုကို အပြန်အလှန် အသိအမှတ်ပြုကာ ဘိုးဘွားလက်ထက်ကတည်းက အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့ တိုက်တွန်းလိုတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက ပြောကြားပါတယ်။