တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ် နှစ်ခုမှ မြို့နယ်အချို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ပြီး မန္တလေးတိုင်းရှိ မြို့နယ် လေးခုကို Stay at Home သတ်မှတ်

တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ် နှစ်ခုမှ မြို့နယ်အချို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ပြီး မန္တလေးတိုင်းရှိ မြို့နယ် လေးခုကို Stay at Home သတ်မှတ်
Published 27 December 2020

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့အတွင်းက မြို့နယ်အချို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ပြီး မန္တလေးတိုင်းရှိ မြို့နယ် လေးခုကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အမိန့်စာအမှတ် အသီးသီးနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။