တပ်မတော် (ရေ)၏ (၇၃) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရေငုပ်သင်္ဘောမင်းရဲသိင်္ခသူအပါအဝင် စစ်ရေယာဉ်ခုနစ်စီး တပ်တော်ဝင်
တပ်မတော် (ရေ)ရဲ့ (၇၃) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တပ်မတော်ရဲ့ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူအပါအဝင် စစ်ရေယာဉ် ခုနစ်စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား၊ သီလဝါမှာ ပြုလုပ်ခဲ့ပါတယ်။