ထိုင်းတွင် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်မှာ မြန်မာအပါအဝင် တရားမဝင်ရွေ့ပြောင်းလုပ်သားများကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်ပရာယွတ်အပြစ်တင်
မြို့တော်ဘန်ကောက်အနီးရှိ ပင်လယ်စာဈေးက မြန်မာလုပ်သားတွေအကြား ကူးစက်မှုတွေ အပါအဝင်လူ ၁၀၀၀ကျော် ကူးစက်ခံထားရတဲ့ထိုင်းရဲ့အကြီးမားဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ရက်နေ့မှာ ထိုင်းဝန်ကြီး ချုပ်ပရာယွတ်ချန်အိုချာက တရားမဝင်မြန်မာရွေ့ပြောင်းလုပ်သားတွေကြောင့်လို့ အပြစ်တင်ခဲ့တာဖြစ်ပါတယ်။