COVID-19 ရောဂါသည် နှစ်ပေါင်းများစွာ ဆက်လက်ရှိနိုင်သည့်အတွက် လုပ်ငန်းကဏ္ဍအသီးသီး ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရန် စဉ်းစားရမည် ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်
COVID-19 ရောဂါဟာ ရာသီတုပ်ကွေးကဲ့သို့ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက် ကူးစက်နိုင်တဲ့အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လုပ်ငန်းကဏ္ဍအသီးအသီး ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ဖို့ စဉ်းစားကြံဆ ကြိုးပမ်းရမှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။