သင်္ဃန်းကျွန်းလူသတ်မှုဖြစ်စဉ်မှာ အတူနေရည်စားနှစ်ဦး လူမှုရေးကိစ္စဖြင့် စကားများရာမှ အမျိုးသားမှ အမျိုးသမီးကို ဓားဖြင့် ခုတ်သတ်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ဟု ရဲတပ်ဖွဲ့ထံမှ သိရ
သင်္ဃန်းကျွန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်လောင်းပြိုင်လူသတ်မှုဖြစ်စဉ်မှာ အတူနေသမီးရည်းစားနှစ်ဦးဖြစ်ပြီး လူမှုရေးကိစ္စအရှုပ် အရှင်းတွေကြောင့် စကားများရန်ဖြစ်ပြီး အမျိုးသားက အမျိုးသမီးကို ဓားနဲ့ ခုတ်သတ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ဖြစ်ကြောင်း သေတမ်းစာအရ သိရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံက စုံစမ်းသိရှိရပါတယ်။