မြောင်းမြမြို့ တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက်မှ သံဃာအပါး ၂၀ ကျော်တွင် COVID – 19 ပိုးတွေ့ရှိပြီးနောက် ကျောင်းတိုက်ကို အဝင်အထွက်ကန့်သတ်ခဲ့

မြောင်းမြမြို့ တိုက်သစ်ပဇ္ဇောတာရုံစာသင်တိုက်မှ သံဃာအပါး ၂၀ ကျော်တွင် COVID – 19 ပိုးတွေ့ရှိပြီးနောက် ကျောင်းတိုက်ကို အဝင်အထွက်ကန့်သတ်ခဲ့
Published 10 December 2020

မြောင်းမြမြို့နယ် တိုက်သစ်ပဇ္ဇောတာရုံ စာသင်တိုက်ကျောင်းက သံဃာတော်အပါး ၂၀ ကျော်ထံမှာ Covid 19 ရောဂါ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိရပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီဇင်ဘာလ ၈ ရက် နေ့က စတင်ကာ အဝင်အထွက်ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။