Home Stay ထုတ်ပြန်ချက်မလိုက်နာသူကို ဖမ်းဆီးသော ရဲများအား ဓားနှင့်ပြန်ခုတ်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးမှု ပုသိမ်ကြီးမြို့နယ် တွင် ဖြစ်ပွားခဲ့
Home Stay ထုတ်ပြန်ချက်လိုက်နာဖို့ တားဆီးစစ်ဆေးမှုကို ရပ်တန့်ခြင်းမရှိသလို မောင်းတံကိုဆိုင်ကယ်နဲ့ တိုက်တာ၊ သံခုံနဲ့ ဝင်ရိုက်ခဲ့သူကို သွားရောက်ဖမ်းဆီးချိန် ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ပြန်ခုတ်ခဲ့တာကြောင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့မှု ပုသိမ် ကြီးမြို့နယ်မှာ ဒီဇင်ဘာလ ၈ ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သတင်းရရှိပါတယ်။