အောင်မြေသာစံမြို့နယ်တွင် မီးငြှိမ်းသတ်ရန်ထွက်ခွာလာသော မီးသတ်မော်တော်ယာဉ် ၂ စီး တိုက်မိမှုဖြစ်ပွား
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၃ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲ ခန့်က မီးလောင်နေရာကို မီးငြှိမ်းသတ်ဖို့ ထွက်လာတဲ့ မီးသတ်မော်တော်ယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။