ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ တက်ရောက်မည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ပထမပုံမှန် အစည်းအဝေးကို ၂၀၂၁ ဖေဖော်ဝါရီလတွင် ကျင်းပရန်လျာထားဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်မယ့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့ ပထမပုံမှန် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားပါတယ်။