မူဆယ်မြို့တွင် လူသုံးဦးက လူမြင်ကွင်း၌ သေနတ်ထောက်ကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရသည့် အမျိုးသမီး ပြန်လည် လွတ်မြောက်လာ
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝန်းနယ်မြေနေမှာ အထည်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီး တစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူ သုံးဦးက ဒီဇင်ဘာလ ၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က စွမ်စော်ရပ်ကွက်နဲ့ ခိုဝင်းရပ်သွား ကားမပေါ်မှာ သေနတ်ထောက်ကာ အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခံခဲ့ရမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ညနေ ၃ နာရီ ၄၅ မိနစ်ချိန်ခန့်မှာ ပြန်လည်လွတ် မြောက်လာတယ်လို့ သိရပါတယ်။