ရှက်တာဒိုးနက်ကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) အပြီးမှာ ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက သူ့အနေနဲ့ နည်းပြရာထူးကနေ နုတ်ထွက်သွားမှာမဟုတ်ကြောင်း၊ ခက်ခဲတဲ့ကာလဖြစ်နေပေမဲ့ အသင်းနဲ့အတူ ရှေ့ဆက်သွားမယ်ဆိုပြီး အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ချေပခဲ့တယ်။ ဒီလိုမျိုး အနာ၈တ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ အထုတ်ခံရလောက်အောင်လည်း ဇီဒန်းနဲ့ ရီးယဲလ်မက်ဒရစ်မှာ ထုထည်ကြီးမားလွန်းတဲ့ ဖိအားတွေရှိနေတယ်။ ဘယ်အပိုင်းကနေ ဘယ်လိုစပြီး အဖြေရှာရမှန်းမသိတဲ့ ရှုပ်ထွေးတဲ့အခြေအနေမျိုးလည်း ဖြစ်နေတယ်။ ရီးယဲလ်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး (၄)ပွဲဆက်မှာ (၃)ပွဲရှုံး၊ (၁)ပွဲသရေနဲ့ နိုင်ပွဲပျောက်ခဲ့တယ်။ နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ လာလီဂါ (၃)ပွဲစလုံး အနိုင် မရခဲ့ဘူး။ ဒီရာသီ လာလီဂါပွဲစဉ် (၁၁)အပြီးမှာပဲ (၁၀)ပွဲကစားပြီး (၃)ရှုံးနိမ့်ခဲ့တယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီချန်ပီယံအောင်ပွဲမှာ တစ်ရာသီလုံးကြုံခဲ့တဲ့ ရှုံးပွဲအရေအတွက်နဲ့ တူညီခဲ့တာပါပဲ။ ခံစစ်ပိုင်းက နည်းပြ ဇီဒန်းလက်ထက်မှာ အဆိုးရွားဆုံး ရာသီအစခံစစ်မှတ်တမ်း ဖြစ်နေတယ်။ အသင်းမှာ အသက်အရွယ်ရကစားသမားတွေ များလာခဲ့ပြီ။ အဓိကထိုးနှက်ချက်ဖြစ်ခဲ့တာက ဒဏ်ရာပြဿနာတွေပါပဲ။ နည်းပြ ဇီဒန်းအတွက်တော့ ထောင့်ပေါင်းစုံဖိအားတွေနဲ့အတူ အတော်လေးကို ရုန်းထွက်ရခက်နေတဲ့ အခြေအနေဖြစ်နေပြီ။
မက်ဒရစ်က အဆင်မပြေခြင်းအော်သံ
Most Viewed
Most Recent
10 hours ago
1 day ago
1 day ago
2 days ago
1 week ago
1 week ago
1 week ago








