မဲရလဒ်များကို ၅ ရက်နှင့် ၇ ရက်အတွင်း အပြီးကြေညာရန်ရှိပြီး ဆန္ဒမဲလာပေးသူ ၇၀ ရာခိုင်နှုန်းကျော်ရှိဟု ခန့်မှန်းရကြောင်း UEC ပြောကြား
နိုဝင်ဘာ ၈ ရက်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမဲစာရင်းရလဒ်တွေကို ၅ ရက်နှင့် ၇ ရက်အတွင်း အပြီးကြေညာဖို့ရှိပြီး ရွေးကောက်ပွဲမှာ ဆန္ဒမဲလာပေးသူ ၇၀ ရာခိုင်နှုန်းကျော်ရှိနိုင်တယ်လို့ ခန့်မှန်းရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားပါတယ်။