ဥပဒေနှင့်အညီဖြစ်သည့် မျှတသော ရွေးကောက်ပွဲအဖြေဖြစ်အောင် ဆက်လက်ကြိုးစားသွားမည်ဟု USDP ဥက္ကဋ္ဌ ဦးသန်းဌေးပြောကြား
မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်ကြီးတခုလုံးဟာဥပဒေနဲ့အညီ ဖြစ်သလား၊မဖြစ်ဘူးလားဆိုတဲ့ အငြင်းပွားဖွယ်ရာမြောက်မြားစွာရှိခဲ့ပြီး ၊ ရှိနေဆဲ၊ ဆက်ပြီးတော့လည်းအထောက်အထားတွေ ထွက်ပေါ်နေဆဲဖြစ်လို့ ဒီခရီးဟာမဆုံးနိုင်သေးတဲ့ ခရီးရှည်ကြီးဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောကြားခဲ့ပါတယ်။