တရုတ်နိုင်ငံမှ မူဆယ်မြို့ အတွက် လှူဒါန်းပေးထားသည့် Covid - 19 ရောဂါ စစ်ဆေးပေးသည့်စက်အား အမြန်ဆုံးအသုံးပြုရန် စာတင်တောင်းဆို
တရုတ်နိုင်ငံကနေ မူဆယ်မြို့အတွက် လှူဒါန်းပေးထားတဲ့ Covid-19 ရောဂါ စစ်ဆေးပေးတဲ့ Gene Quantitative Detection စက်ကို ပြည်သူတွေအတွက် အမြန်ဆုံးစမ်းသပ်အသုံးပြုဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူတွေကိုယ်စား တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။