မြောင်းမြမြို့တွင် ကြိုတင်မဲစာအိတ်များအတွင်း ၂၀၁၅ ရွေးကောက်ပွဲဆန္ဒမဲလက်မှတ်အဟောင်း များပါဝင်လာဟု သိရ
မြောင်းမြမြို့ အမှတ်(၂) ရပ်ကွက် မဲရုံအမှတ် (၁) မှာ နိုဝင်ဘာလ ၅ ရက် ကြိုတင်မဲတွေ ပေးဖို့ ထုတ်ပေးထားသည့် စာအိတ်များအတွင်း ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ် အဟောင်းတွေပါ ပါဝင်လာခဲ့သောကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ တင်ပြထားရကြောင်း သတင်းရရှိသည်။