ခေါင်လံဖူးမြို့သို့ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများ မြေပြိုမှု ကြောင့် ကားလမ်းခရီးတွင်ပိတ်မိခဲ့ပြီး လမ်းလျှောက်ခရီးဆက်
ပူတာအို မှ ခေါင်လံဖူးမြို့သို့ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းတွေမှာ လမ်းမြေပြိုကျမှုကြောင့် ကိုးရက်ကြာအထိကားလမ်းပိတ်မိနေပြီး အောက်တိုဘာ ၂၉ ရက် ညနေပိုင်းအထိ လမ်းမပွင့်သေးတာကြောင့် တာဝန်ကျဆရာမတွေမှာ လမ်းလျှောက်ခရီးဆက်သွားကြတယ်လို့ လိုက်ပါပို့ဆောင်ခဲ့သည့် ယာဉ်မောင်းတွေကပြောပါတယ်။