ကျောက်ဆည်မြို့တွင် ရိုးရာ ဆင်အလှူတော်ပွဲ နှင့်ဆွမ်းတော်ကြီးကပ်လှူခြင်းကို အကျဉ်းချုံး ပြုလုပ်မည်
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျောက်ဆည်ဆင် အကအလှပြိုင်ပွဲကို ယခုနှစ်မှာ COVID -19 ကပ်ရောဂါကြောင့် မကျင်းပဖြစ်ပေမယ့် ရိုးရာ ဆင်အလှူတော်ပွဲနှင့်ဆွမ်းတော်ကြီးကပ်လှူခြင်းကိုတော့ အကျဉ်းချုံးပြုလုပ်မယ်လို့သိရပါတယ်။