နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပုံစံ ၁၅ ဖြင့် ကြိုတင် ဆန္ဒမဲပေး
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ နိုင်ငံတော် သမ္မတဦးဝင်းမြင့် နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့(အောက်တိုဘာ ၂၉ ရက်)နေ့မှာ ကြိုတင် ဆန္ဒမဲပေးခဲ့ကြပါတယ်။