လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ပေါ်ပေါက်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် UEC နှင့် အစိုးရက မဲဆန္ဒနယ်အားလုံးတွင် ဆန္ဒမဲပေးနိုင်ရန် ကြိုးပမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်သံရုံး ထုတ်ပြန်
ဒီမိုကရေစီ နည်းလမ်းကျတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် အစိုးရက မဲဆန္ဒနယ်အားလုံးမှာ ဆန္ဒမဲပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။