အောင်နိုင်ရေးအတွက် စည်းရုံးရာတွင် နိုင်ငံရေးမူဝါဒ ထက် ငွေအားလူအားကိုသာ အဓိကထားလုပ်နေခြင်းမှာ ဒီမိုကရေစီစံများမှ သွေဖီလာဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူးပြောကြား
ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးဟောပြောရာမှာ နိုင်ငံရေးမူဝါဒ စံနှုန်းများထက် ပုဂ္ဂိုလ်ရေး၊ ကျော်ကြားမှု၊ ပေါ်ပြူလာဖြစ်မှုနှင့် ငွေအား လူအားကိုသာ အဓိကထား လုပ်ဆောင်နေခြင်းမှာ ဒီမိုကရေစီစံနှုန်းများမှ သွေဖီလာနေလျှက်ရှိကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ၊ ဧရာဝတီတိုင်းဒေသကြီး အောင်နိုင်ရေးတာဝန်ခံ ဦးတိုးတိုးထွန်းကပြောပါတယ်။