ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေအဖြစ် ထုတ်ပြန်လိုက်သော ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာ ၄၂ အုပ်စုတွင် တစ်အုပ်စုသာ မဲပေးခွင့်ဆုံးရှုံးဟုဆို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်နယ်မြေတွေမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၂ အုပ်စုမှာ တစ်အုပ်စုသာ မဲပေးခွင့်ဆုံးရှုံးတယ်လို့ ပဲခူးတိုင်းဒေသကြီးရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ကပြောပါတယ်။