မူဆယ်မြို့ ၊တော်ရွက်ရပ်ကွက်ကို ရွေးကောက်ပွဲမကျင်းပနိုင်သောမဲဆန္ဒနယ်သတ်မှတ်ခြင်းအတွက် နိုင်ငံသားအခွင့်အရေးဆုံးရှုံးမည်ကိုစိုးရိမ်ဟု ဒေသခံများပြောကြား

မူဆယ်မြို့ ၊တော်ရွက်ရပ်ကွက်ကို ရွေးကောက်ပွဲမကျင်းပနိုင်သောမဲဆန္ဒနယ်သတ်မှတ်ခြင်းအတွက် နိုင်ငံသားအခွင့်အရေးဆုံးရှုံးမည်ကိုစိုးရိမ်ဟု ဒေသခံများပြောကြား
Published 18 October 2020

 ရခိုင်၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်မြေအချို့၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကာက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များထုတ်ပြန်ခဲ့ရာ မြန်မာ တရုတ် နှစ်နိုင်ငံနယ်စပ်အနီး မူဆယ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်ပြီး နယ်မြေအေးချမ်းတည်ငြိမ်တဲ့ တော်ရွက်ရပ်ကွက်ပါဝင် လာခြင်းအပေါ် မဲမပေးရဘဲ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှာကိုစိုးရိမ်တယ်လို့ ဒေသခံတွေကပြောပါတယ်။