စစ်ကိုင်းတွင် COVID -19 ကာကွယ်နိုင်ရန် ဧရာဝတီမြစ်လယ်၌ ကျောက်ချရပ်နားထားသည့်သင်္ဘောများမှသူများကို မြို့အတွင်း ဈေးလာဝယ်ခွင့် ကန့်သတ်

စစ်ကိုင်းတွင် COVID -19 ကာကွယ်နိုင်ရန် ဧရာဝတီမြစ်လယ်၌ ကျောက်ချရပ်နားထားသည့်သင်္ဘောများမှသူများကို မြို့အတွင်း ဈေးလာဝယ်ခွင့် ကန့်သတ်
Published 16 October 2020

 

စစ်ကိုင်းမြို့မှာ COVID - 19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့ စစ်ကိုင်းမြို့နဲ့ အမရပူရမြို့နယ်၊ရွှေကြက်ယက်ကျေးရွာ ကြား ဧရာဝတီမြစ်လယ်မှာ ကျောက်ချရပ်နားထားတဲ့ သင်္ဘောတွေပေါ်မှာနေထိုင်သူတွေကို စစ်ကိုင်းမြို့အတွင်း ဈေးလာရောက်ဝယ်ယူခွင့်ကို  အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းကစပြီး ကန့်သတ်မှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။