မြောင်းမြမြို့ NLDပါတီ အောင်နိုင်ရေးလှည့်လည်မှုတွင်ပါခဲ့သူ အမျိုးသမီးတစ်ဦး လှည့်လည်ချိန် အမောဖောက်လာသဖြင့် အိမ်သို့ပြန်ပို့ရာ ရောဂါအခံကြောင့် အသက်ဆုံးပါးခဲ့

မြောင်းမြမြို့ NLDပါတီ အောင်နိုင်ရေးလှည့်လည်မှုတွင်ပါခဲ့သူ အမျိုးသမီးတစ်ဦး လှည့်လည်ချိန် အမောဖောက်လာသဖြင့် အိမ်သို့ပြန်ပို့ရာ ရောဂါအခံကြောင့် အသက်ဆုံးပါးခဲ့
Published 16 October 2020

 

ဒီကနေ့ အောက်တိုဘာလ ၁၅ရက်က မြောင်းမြမြို့မှာ NLD ပါတီအောင်နိုင်ရေးလှည့်လည်နေတဲ့ အင်အားပြယာဉ်တန်းအဖွဲ့မှာ လိုက်ပါခဲ့သူ အမျိုးသမီးတစ်ဦးဟာ လှည့်လည်နေချိန် အမောဖောက်လာတဲ့အတွက် နေအိမ်သို့ပြန်ပို့ခဲ့ပြီး မူလနှလုံးရောဂါအခံကြောင့် အသက်ဆုံးပါးမှုဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်။