ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများတွင် တရုတ်မှ တရားမဝင်ငွေလွှဲဖြင့် ကျပ် ၁၆ ဘီလျံကျော် ရောက်ရှိခဲ့ခြင်းနှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေများပါဝင်သည့်အတွက် ငွေကြေးခဝါချမှုဖြင့် ပြစ်ဒဏ်ချမှတ်နိုင်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP-နှင်းဆီပါတီ) ဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများတွင် တရုတ်နိုင်ငံမှ တရားမဝင် ငွေလွှဲလုပ်ငန်းများဖြင့် ပြည်တွင်းဘဏ်များသို့ ကျပ် ၁၆ ဘီလျံ ရောက်ရှိခဲ့ခြင်းနှင့် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ငွေကြေးများ ပါဝင်သည့်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။