၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တွင် Remote Mine Receiverသယ်လာသူများကိုပေါက်ကွဲစေတတ်သောအရာဝတ္ထုများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်
မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ အောက်တိုဘာလ ၁၄ ရက် နေ့လည် ၂ နာရီအချိန်ခန့်က ဖေါက်ခွဲရေးသုံးပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ပြီး တင်ဆောင်သယ်ယူလာသူနှင့် အပေါင်းအပါများကို လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သောအရာဝတ္ထုများဆိုင်ရာဥပဒေပုဒ်မ-၂၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်းသိရပါတယ်။