မန္တလေးချမ်းအေးသာစံမြို့နယ်ရှိအလှပြင်ဆိုင်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံး
မန္တလေးတိုင်းဒေသကြီးချမ်းအေးသာစံမြို့နယ် ၃၅ လမ်း ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိအလှပြင်ဆိုင်တစ်ခုမှာအောက်တိုဘာလ ၁၃ ရက်နေ့ည ၁၂ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးအသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။