Covid လူနာများထားမည့် မော်လမြိုင်မှ ယာယီဆေးရုံ တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး 

Covid လူနာများထားမည့် မော်လမြိုင်မှ ယာယီဆေးရုံ တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး 
Published 11 October 2020

မော်လမြိုင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းမှာ တည်ဆောက်နေတဲ့ Covid – 19 လူနာတွေထားရှိမယ့် ယာယီဆေးရုံ (မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolation Ward – 3) ဟာ (၉၀) ရာခိုင်နှုန်းကျော် ပြီးစီးနေ ပြီး အချောသတ်လုပ်ငန်းတွေဆောင်ရွက်ပြီးပါက လူနာတွေစတင်လက်ခံနိုင်မယ်လို့ သိရပါတယ်။