အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၃၅၃ ပါး ရောဂါပျောက်ကင်း သံဃာ ၃၄ပါး ရောဂါပိုးထပ်မံကူးစက်ခံရ

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၃၅၃ ပါး ရောဂါပျောက်ကင်း သံဃာ ၃၄ပါး ရောဂါပိုးထပ်မံကူးစက်ခံရ
Published 9 October 2020

Covid - 19 ရောဂါပိုးကူးစက်ခံခဲ့ရသည့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာ ၃၅၃ ပါး ရောဂါပျောက်ကင်းခဲ့ပြီး ကျောင်းတွင်ကျန်ရှိ သံဃာ ၃၄ပါး ရောဂါပိုးထပ်မံကူးစက်ခံရ

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက သံဃာ အပါး ၃၀၀ကျော်ကို covid-19 ရောဂါပိုးကူးစက်ခံရမှုဖြစ်ပွားခဲ့တဲ့ အင်းစိန်ရွာမပရိ ယတ္တိစာသင်တိုက်မှ သံဃာတော် အပါး၃၅၃ပါးဟာ ရောဂါပိုးကင်းစင်ခဲ့ပြီဖြစ်တာကြောင့် ဒီနေ့ အောက်တိုဘာလ ၉ရက်နေ့နေ့လည်မှာ ကုသရေးစင်တာတွေကနေ ကျောင်းတိုက်ကိုပြန်လည် ရောက်ရှိလာကြပြီဖြစ်ပါတယ်။