မန္တလေးတိုင်းဒေသကြီး၌ ဒုတိယအကြိမ် မဲစာရင်းထုတ်မှုတွင် ငါးရက်အတွင်း ကြည့်ရှုသူ သုံးသိန်းကျော်ရှိပြီး ပြင်ဆင်လျှောက်ထားကန့်ကွက် ၃၁,၃၆၈ ဦးရှိ
အောက်တို ဘာ ၁ ရက်ကနေ ၁၄ ရက်အထိ ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်မှုမှာ မန္တလေးတိုင်းဒေသကြီးမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒ ရှင် ၄,၇၈၄,၂၈၈ ဦးရှိပြီး အွန်လိုင်းအပြင် မြေပြင်မှာလာရောက်ကြည့်ရှုသူ ငါးရက်အတွင်း သုံးသိန်းကျော်ရှိခဲ့ကာ ၃၁,၃၆၈ ဦး ပြင်ဆင်လျှောက်ထားကန့်ကွက်သူ ရှိခဲ့တယ်လို့ မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။