မြိုင်မြို့နယ် ကန်နီကျေးရွာ၌ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး လော်စပီကာဖွင့်ရာမှ ပြဿနာဖြစ်ခဲ့မှုတွင် နှစ်ဖက်အပြန်အလှန် အမှုဖွင့်
အောက်တိုဘာလ ၃ ရက်ညပိုင်းက မြိုင်မြို့နယ် ကန်နီကျေးရွာမှာ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး လော်စပီကာဖွင့်ရာမှ ပြဿနာဖြစ်ပွားခဲ့မှုမှာ နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားတယ်လို့ ကာယကံ ရှင်တွေကပြောပါတယ်။ အောင်နိုင်ရေးသီချင်း လော်စပီကာဖြင့်ဖွင့်သည်ကို သွားရောက်တားမြစ်သည့် ရွာသားတစ်ဦးနှင့် အိမ်ရှင်တို့ အပြန်အလှန် ပြဿနာဖြစ်ခဲ့ပြီး နေအိမ်နှင့်ပစ္စည်းများ ဖျက်ဆီးခံရတာ၊ ရိုက်နှက်ခံရသူတစ်ဦး ဆေးရုံတင်ပို့ခဲ့ရတယ်လို့သိရပါတယ်။