ပဲခူးတိုင်းအတွင်း ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် စစ်ဆေးနေ
ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှု များပြားလာပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမှတဆင့် ပဲခူးတိုင်းဒေသကြီးသို့ ဝင်ရောက်မယ့် ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်များကို COVID-19 ရောဂါပိုးရှိ မရှိ သိနိုင်ဖို့ Test Kit နဲ့ အောက်တိုဘာ ၂ ရက်နေ့မှ စစ်ဆေးတာတွေ လုပ်နေပါတယ်။