ပျဉ်းမနား၊ သာစည်နှင့် မြောင်းမြမြို့တွင် NLD ပါတီဝန်းရံသူ ရာပေါင်းများစွာ ကား၊ဆိုင်ကယ်များဖြင့် အောင်နိုင်ရေးလှည့်လည်မှု ပြုလုပ်

ပျဉ်းမနား၊ သာစည်နှင့် မြောင်းမြမြို့တွင် NLD ပါတီဝန်းရံသူ ရာပေါင်းများစွာ ကား၊ဆိုင်ကယ်များဖြင့် အောင်နိုင်ရေးလှည့်လည်မှု ပြုလုပ်
Published 5 October 2020

 အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နဲ့ ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝန်းရံသူ ရာပေါင်းများစွာက ကားတွေ၊ ဆိုင်ကယ် တွေနဲ့ မြို့အနှံ့လှည့်လည်ပြီး အောင်နိုင်ရေးမဲဆွယ်မှု ပြုလုပ်ခဲ့ပါတယ်။